捞鱼生 (lāo yú sheng)

Byadmin

捞鱼生 (lāo yú sheng)

စင်ကာပူမှာ နှစ်သစ်ကူး ချိန် ရုံးမှာ ၊အိမ်မှာ 捞鱼生 (lāo yú sheng) လုပ်တယ် ဆို ပြီး လင်ပန်းလို ကျယ်ပြန့် တဲ့ ထည့်စရာပေါ်မှာ တင်ထားတဲ့ အမယ်စုံ အစားအစာ တွေကို ရောမွှေ ပြီး လူများဝိုင်းရံ ကာ တူတွေနဲ့ ထိုး ကော် မြှောက်တင် လို့ တောင်းဆုပြုတာ ကြုံဘူး ကြမှာပါ။
ကိုယ်တိုင် လည်း ဘာကြောင့်လဲဆိုတာ တော့ မသိ ဘဲ လူမှု ရေး အရ ဆိုတော့ သူများလုပ် သလို လိုက်လုပ် ခဲ့ ပါတယ်။ မေး ကြည့် တော့လဲ သေ ချာ မသိကြဘဲ နှစ်သစ်မှာအောင်မြင်ခြင်း အတွက် လုပ်ကြတယ်လို့ ပြောတာကြား ဘူးခဲ့ပါတယ်။

ဘာကြောင့် လုပ်တယ် လေ့လာသိရှိ ရသမျှ တင်ပြလိုပါတယ်။

捞鱼生 (lāo yú sheng) လုပ်တယ် ဆိုတာဟာ လူသား အားလုံးအတွက်မွေး နေ့ ကျင်းပတာလို့ ဆိုပါတယ်။
Lunar Calendar ရဲ့ နှစ်ဆန်း ၇ ရက်နေ့မှာ လုပ်ကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒဏ္ဍာရီ အရ Fu Xi ခေါ် နတ်ဘုရား ရဲ့ညီမ ဖြစ်သူ နတ်ဘုရားမ ဟာ နှစ်သစ်ရဲ့ ပထမ ၆ ရက်မှာ ကြက်၊ ခွေး၊ဝက်၊ဆိတ်၊နွား၊မြင်း တို့ကို အစဉ်လိုက် ဖန်ဆင်းပြီး နောက် ၇ ရက်မြောက် နေ့မှာ လူသားကို ဖန်ဆင်း ခဲ့ တယ်လို့ယုံ ကြည်ခဲ့ ကြ လို့ ဖြစ်ကြောင်း သိ ရ ပါတယ်။

ဒါကြောင့် နှစ်ဆန်း ၇ ရက်နေ့မှာ捞鱼生 (lāo yú sheng) ဆိုတာ လုပ်ပြီး လူသားအားလုံး အတွက် မွေးနေ့ပွဲ ကျင်းပ ရင်း နှစ်သစ်မှာ ကောင်းခြင်း မင်္ဂလာများ ရောက် ရှိလာစေရန်ဆုတောင်းကြခြင်းဖြစ်ပါတယ်။
捞鱼生(lāo yú sheng)အလေ့အထ ဟာ စင်ကာပူ နဲ့ မလေးရှား တရုတ်များ ရဲ့ နှစ်သစ်ကူး မှာ ပြု လုပ် ကြတဲ့ အလေ့အထ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

捞鱼生 (lāo yú sheng) အတွက် အစားအစာ အမယ်တွေမှာ ပါဝင်တာကတော့ sashimi ခေါ် ငါးအလွှာ၊ သေးသေးမျှင် မျှင် လှီးထား တဲ့ ဂေါ်ဖီထုပ် နဲ့ မုန်လာဥနီ ၊ဂျင်း မှုန့်၊ မြေပဲ နှမ်း မှုန့် ၊ တရုတ် နံနံ၊ အနီရောင်သန်း ပြီး သကြား ပါ ထည့် ထားတဲ့ Sauce တို့ နဲ့ အခြားနှစ်သက်ရာ အချို့တို့ ဖြစ်ပါတယ်။
အစားအမယ်စုံ ကို လင်ပန်းပေါ်တင် ထားပြီး လူများက ဝန်းရံကာ တူများ နဲ့ ရောမွှေကြပါတယ်။ အစားအသောက်များကို တူ နဲ့ ယူပြီး ပင့်မြှောက်ကြ ရင်း နှုတ်မှလည်း “ငါး အကြီး ကြီး မိပါစေ” လို့ ပြောဆို ဆုတောင်းကြ ပါတယ်။

အစားအစာတွေကို ပင့်မြှောက် ကြ ရင်း

‘捞起…捞起’ ‘lāo qǐ lāo qǐ’ (ဆွဲကြ ဆွဲကြ)
捞得风生水起!(မြန်မြန် အစွမ်းကုန် ဆွဲတင်ကြ)
年年有余(nián nián yǒuyú) (နှစ်တိုင်း ပိုပိုသာသာ ပေါပေါများများ ရှိပါစေ။)
荣华富贵(róng huá fù guì) (ဂုဏ်သရေကြီးမြင့်စီးပွားတိုးပါစေ။)
心想事成(xīn xiǎng shì chéng) (စိတ်သွားတိုင်း ကိုယ်ပါ အလိုရှိရာပြည့်ပါစေ။)
အစရှိတဲ့ အတိတ်နိမိတ်ကောင်း တဲ့ မင်္ဂလာစကား တွေကို အော်ကြ ပြောကြပါတယ်။

ဒီလို ပင့်မြှောက် ဆုတောင်း ခြင်း ဟာ တနှစ်ပတ်လုံး မှာ အမြင့် ဆုံး သို့ တိုးတက် မှု ရရှိ ရန် စီး ပွား တိုး ရန် ရည်မှန်း လုပ်ဆောင် တာဖြစ် လို့ နှစ်စဉ် နှစ်ဆန်း ၇ ရက်နေ့ရောက်တိုင်း ပြုလုပ်လေ့ရှိကြ တာဖြစ်ပါတယ်။

တံငါ ရွာပီသ တဲ့ ယုံကြည်မှုနဲ့ ဓလေ့ထုံးစံဖြစ် တယ်လို့ ထင်မိကြောင်းပါ။

About the Author

admin administrator

Leave a Reply

Need help? Email Us Here! Chat With Us Now!

← Prev Step

Thanks for contacting us. We'll get back to you as soon as we can.

Please provide a valid name, email, and question.

Powered by LivelyChat
Powered by LivelyChat Delete History