画蛇添足(huà shé tiān zú)

Byadmin

画蛇添足(huà shé tiān zú)

ဘာသာစကား လေ့လာနေသူတွေအတွက် ရည်ရွယ်ပြီး 画蛇添足(huà shé tiān zú) ဆိုတဲ့ တရုတ်စကားပုံလေးတစ်ခုအကြောင်း ကြည့်ရအောင်။
အဲဒီအသုံးအနှုန်းလေးဟာ မြန်မာမှာရော အင်္ဂလိပ်မှာပါ သုံးနေကျ ဖြစ်ပါတယ်။
မလိုအပ်ဘဲ အပိုလုပ်မိလို့ အကျိုးမရှိဖြစ်ရတာကို ဆိုလိုတာပါ။
မြန်မာလို “ပြင်လွန်းတော့ ဖင်ချွန်း” လို့ ဆိုရမယ်ထင်ပါတယ်။
အင်္ဂလိပ်မှာတော့ -“Leave well enough alone” ဒါမှမဟုတ် “let well enough alone” လို့ သုံးပါတယ်။
ဒီစကားပုံလေးဖြစ်ပေါ်လာတဲ့ နောက်ခံပုံပြင်လေးကို လေ့လာကြည့်ကြရအောင်နော်။

Back ground story
It is a Chinese idiom with a story behind it. Once in the ancient Chu state, an aristocrat granted a pot of wine to his men after offered sacrifice to the late ancestors. However, the wine was not enough for them to share among all of the men and it would be better for one of them to have it all.
The men consulted with one another, “Since the pot of wine is far from enough for all of us but abundant for a single person, why don’t we draw a snake on the ground, and whoever be the first to finish drawing should get the wine?” Agreeing to the proposal, everyone started drawing. After a while, one of the men accomplished his picture. Noticing that the others were still painting, he was elated and said, “I can even add several feet to the snake!”He thought that he might add four feet to the snake as he had enough time to do so.
However, before he managed to complete the drawing of feet, another man had finished his job. The man grabbed the pot from the man who first completed the painting and remarked, “The snake does not have feet. How can you add feet to it?” Upon saying so, he drank up all the wine in the pot. Finally, the one who added feet to the snake lost the wine he was about to get!
Nowadays, we often use it when describing someone who is doing unnecessary things.

The moral of the story is that sometimes you may ruin something by going too far.

မြန်မာပြန်
တစ်ခါတုံးက Chu နယ်မြေက ဂုဏ်သရေရှိသူဌေးတစ်ဦးဟာ သူတို့ရိုးရာအရ ဘိုးဘွားတွေကို ပူဇော်ကန်တော့တဲ့ ပွဲတစ်ခု ကျင်းပပါသတဲ့။ ကန်တော့ပွဲပြီးတော့ သူ့ရဲ့နောက်တော်ပါတွေကို ၀ိုင်အရက်တစ်အိုး ပေးခဲ့ပါတယ်။
ဝိုင်အရက်ဟာ လူအများသောက်ရန် မလုံလောက်ပါဘူးတဲ့။ (သူဌေးဆိုတော့ သူများအပေါ်စေတနာနည်းတာ နေမှာပေါ့။)
ဒီတော့လူတွေက အားလုံးမလောက်မင ဝေသောက်ကြမဲ့အစား တစ်ယောက်ယောက်က အကုန်သောက်တာ ပိုကောင်းလိမ့်မယ်လို့ သဘောတူကြပါတယ်။ အဲဒီအခါ ဝိုင်အရက်ကို ဘယ်သူသောက်သင့်သလဲဆိုတာ သူတို့အားလုံး တိုင်ပင်ကြပါတယ်။ လူတစ်ယောက်က အောက်ပါအတိုင်း အကြံပေးပါတယ်။
“ဒီဝိုင်အရက်ဟာ အားလုံးအတွက်မလောက်ဘဲ တစ်ယောက်စာပဲရှိလို့ ဘယ်သူသောက်သင့်တယ်ဆိုတာပုံဆွဲပြီး
ဆုံးဖြတ်ကြမယ်ဗျာ။ မြေကြီးပေါ်မှာ မြွေရုပ်ဆွဲကြမယ်။ အရင်ဆွဲလို့ပြီးတဲ့သူက ဝိုင်အရက်ကိုသောက်သင့်တယ်။”
အားလုံးလဲ သူပေးတဲ့အကြံအတိုင်းလုပ်ကြမယ်ဆိုပြီး မြေကြီးပေါ်မှာ မြွေရုပ်ကို စဆွဲကြပါတယ်။
ခဏကြာတော့ လူတစ်ယောက်က ဆွဲလို့ပြီးသွားတယ်။ ဆွဲပြီးလို့ ဟိုသည်ကြည့်လိုက်တော့ သူများတွေဆွဲလို့မပြီးသေးတာကိုသတိပြုမိတာနဲ့ ခပ်သောသောလေး ပြောလိုက်တယ်။
“ကျွန်တော့်မြွေရုပ်ကို ခြေထောက်တွေထည့်ဆွဲဘို့တောင် အချိန်မီသေးတယ်ဗျာ။”
ပြောပြောဆိုဆိုနဲ့ သူလည်း ဆွဲပြီးနေပြီဖြစ်တဲ့ မြွေရုပ်မှာ ခြေထောက်လေးချောင်း ထပ်ဆွဲထည့်ပါလေရော။ ဒါပေမဲ့ သူမြွေရုပ်ခြေထောက်တွေ ဆွဲလို့မပြီးခင်မှာဘဲ တစ်ခြားတစ်ယောက်က မြွေရုပ်ကို အပြီးသပ် ဆွဲပြီးသွားတယ်။ အဲဒီလူက ပထမဆွဲပြီးသွားတဲ့လူ လက်ထဲက ဝိုင်အရက်အိုးကို ဆွဲယူပြီးပြောတယ်။
“မြွေဆိုတာ ခြေထောက်မရှိတဲ့သတ္တဝါဘဲ။ ခင်ဗျားက ခြေထောက်ထပ်ထည့်နေစရာမှ မလိုတာဗျာ။”
ပြောလည်းပြော ဝိုင်အရက်ကိုလည်း မော့သောက်ပစ်လိုက်တယ်။
နောက်ဆုံးတော့ ပထမလူက အရင်ဆွဲပြီးလျက်နဲ့ မလိုတာကို အပိုလုပ်မိလို့ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးကို
လက်လွတ်ဆုံးရှုံး သွားရပါတော့တယ်။
ဒီပုံပြင်လေးကနေ သင်ခန်းစာယူပြီး မလိုဘဲနဲ့ အပိုထည့်လုပ်ချင်သူတွေကို သတိပေးဘို့ အထက်မှာပြောခဲ့တဲ့ စကားပုံကို ထားခဲ့ကြတာ ဖြစ်ပါတယ်။
ပုံပြင်လေးကပေးတဲ့သင်ခန်းစာကတော့ မလိုအပ်ဘဲ အပိုလုပ်လွန်းရင် အကျိုးယုတ်တတ်ပါသတဲ့။

About the Author

admin administrator

2 Comments so far

khin thidarPosted on  6:35 pm - Jun 22, 2016

hello……I testing

Leave a Reply

Need help? Email Us Here! Chat With Us Now!

← Prev Step

Thanks for contacting us. We'll get back to you as soon as we can.

Please provide a valid name, email, and question.

Powered by LivelyChat
Powered by LivelyChat Delete History