GCE O’ Level စာမေးပွဲ အင်္ဂလိပ်စာ မေးခွန်း

Byadmin

GCE O’ Level စာမေးပွဲ အင်္ဂလိပ်စာ မေးခွန်း

မြန်မာ တယောက်အနေနဲ့ နိုင်ငံတကာ အဆင့်ကို တိုးဝင် ချင်တယ်ဆိုရင်တော့ အင်္ဂလိပ်စာ ကောင်းအောင် မဖြစ်မနေ လေ့လာရမှာပါ။
အကြောင်းရင်းကတော့ ကိုယ်လေ့လာလိုသော ပညာရပ်တွေဟာ အင်္ဂလိပ်စာကောင်းမှ ဖတ်ရ လေ့လာရတာအဆင်ပြေမှာဖြစ်ပါတယ်။
မြန်မာ အစိုးရ ကျောင်း ၁၀ တန်း ဟာ GCE O’ Level နဲ့ အညီသတ်မှတ်ပေးထား ကြောင်း သိရလို့ ဝမ်းသာမိပါတယ်။
ဒါပေမဲ့ အင်္ဂလိပ်စာ မေးခွန်း ကတော့ တော်တော်လေး အဆင့် ကွာတာကိုတွေ့ရပါတယ်။

GCE O’ Level စာမေးပွဲ အင်္ဂလိပ်စာ မေးခွန်းပုံစံလေး ကို မသိသေးသူများ လေ့လာလို့ရစေရန် ရှင်းပြပေးပါမယ်။

GCE O’ Level မှာ အင်္ဂလိပ်စာ ကို 4 Skills ဖြေရပြီး အောက်ပါတို့ ပါဝင်ပါတယ်။

1. Paper 1 – Writing
2. Paper 2 – Reading
3. Listening
4. Oral

အမှတ်ပေးပုံကတော့

Paper 1 (70 marks) ဖြစ်ပြီးအောက်ပါအတိုင်းခွဲထားပါတယ်။
1. Editing (10 marks)
2. Letter writing (30 marks)
3. Essay writing (30 marks)

Paper 2 Reading comprehension (50 marks)
Listening (30 marks}
Oral (30 marks) ဖြစ်ကြပါတယ်

စုစုပေါင်း (180 marks) ဘိုးဖြေရမှာ ဖြစ်ပါတယ်။
Paper 1 မှာ
1. Editing ဆိုတာက စာပိုဒ် တစ်ခုမှာ Language ပိုင်း အသုံး အနှုံးတွေ ကို မှားနေရင်ပြင်ပေးရတာဖြစိပါတယ်။
2. Letter writing အနေနဲ့ ကတော့ အကြောင်း အရာဖတ်စရာ (ကြော်ငြာ၊ သတင်း) စသဖြင့် ဖတ်စရာ တခုပေးထား ပြီး အဲဒါကို ကိုး ကားပြီး မေးခွန်း ကရေးခိုင်းတဲ့ စာ ကို စာလုံးရေ ၂၅၀-၃၅၀ ရေးရပါတယ်။
3. Essay Writing အတွက်စာလုံးရေ ၂၅၀-၃၅၀ ရေးရပါတယ်။
ရေးရမည့် ခေါင်းစဉ် နမူနာအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
a) The world would be a better place without conflict. What are your views?
b) The Internet is not a place for users to air their views freely. Do you agree?

Paper 2
reading comprehension မှာ section 4 ခုဖြေရပြီး IELTS မေးခွန်း တွေထက် ပိုပြီးအသေးစိတ်ဖြေရပါတယ်။
Listening ကတော့ section 4 ခု နားထောင်ရ ပြီး IELTS နဲ့ ဆင်ဆင် တူပါတယိ။

Oral မှာတော့
1) စာပိုဒ် တစ်ပုဒ်ကို အသံထွက် ဖတ်ခိုင်းပြီး အသံထွက် မှန် မမှန် စစ်ဆေးခြင်။
2) သတင်း ရုပ်ပုံ တစ်ပုဒ် ပေးထားပြီး အကြောင်းအရာ ဆွေးနွေး ခြင်း၊ မိမိအမြင်ကို တင်ပြ ခြင်း စတာတွေ ကိုပြောရမှာ ဖြစ်ပါတယ်။

အထက်ပါ မေးခွန်း ပုံစံကို ကြည့်ရင် မြန်မာ ပညာရေး ရဲ့ အင်္ဂလိပ်စာ ဟာ နိုင်ငံတကာအဆငိ့ နဲ့ တော်တော်လေး ဝေး နေတာကိုတွေ့ရ လို့ အားမလိုအားမရဖြစ်မိပါတယ်။
၁၀ တန်း မေးခွန်း ဟာ ဘယ်လို ၊ ရေးခဲ့ရတဲ့ အက်ဆေး တွေဟာ ဘယ်လို ဆိုတာ ဖြေခဲ့ဘူး တဲ့ သူတိုင်း သိမှာ မို့ အထူးမပြောတော့ ပါဘူး။
ဒါကြောင့် တကယ် တိုးတက်ပြီး အများနဲ့ ရင်ဘောင် တန်း နိုင်ရန် နည်းလမ်း ရှာ ပြီး self study ကို များများ လုပ် ကြစေလိုကြောင်း အကြံပြု သတိပေးတိုက်တွန်း လိုက်ရပါတယ်။

About the Author

admin administrator

1 Comment so far

adminPosted on  6:31 pm - Jun 22, 2016

I want to know starting date for GCE

Leave a Reply to admin Cancel reply

Need help? Email Us Here! Chat With Us Now!

← Prev Step

Thanks for contacting us. We'll get back to you as soon as we can.

Please provide a valid name, email, and question.

Powered by LivelyChat
Powered by LivelyChat Delete History